
စပိန်နိုင်ငံ အရှေ့တောင်ပိုင်း အာလိကန်တေးပြည်နယ် အဲလ်ချေမြို့မှာ ဒီဇင်ဘာ ၂၃ ရက်က ဂျာမန်နိုင်ငံသား ၂ ယောက် သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး စပိန်အာဏာပိုင်တွေဟာ ပိုလန်နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း အာလိကန်းတေးမှ အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း တတိယမြောက် ဂျာမန်နိုင်ငံသားတယောက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့တွင်းရှိ အစိုးရကိုယ်စားလှယ်အဖွဲ့က ပြောဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု လက္ခဏာတွေ ပြသနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ အာဏာပိုင်တွေက ဒီဖြစ်ရပ်ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတခု မဟုတ်ဘူးလို့ ယူဆထားပါတယ်။
လူသတ်မှုတွေဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပြီး သံသယရှိသူတွေဟာ အိမ်တလုံးအတွင်း သူတို့ဘာသာ ၁၈ နာရီကျော် ပိတ်လှောင်ထားခဲ့ကြောင်း ပြောထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Source: Reuters


