
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တခြားနိုင်ငံတွေအပေါ် မှီခိုမှုကို လျှော့ချဖို့ လွတ်လပ်တဲ့ လက်နက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစ္စရေးငွေကြေး ရှယ်ကယ် ၃၅၀ ဘီလီယံနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံကို သုံးမယ်လို့ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟုက “ကျနော်တို့က လက်နက်တွေ လွတ်လွတ်လပ်လပ် တပ်ဆင်နေချိန်မှာ မရှိမဖြစ်လိုတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဆက်ရယူသွားမယ်” လို့ လေယာဉ်မှူးအသစ်တွေအတွက် အခမ်းအနားမှာ ပြောခဲ့တာပါ။
လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ရှိသလားဆိုတာ ကျနော် မသိပေမဲ့ ကျနော်တို့ရဲ့ လက်နက်တွေကို အစ္စရေးနိုင်ငံမှာ တတ်နိုင်သမျှ ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါလို့လည်း ပြောပါတယ်။
မဟာမိတ်တွေ အပါအဝင် ဘယ်ပြင်ပအဖွဲ့အစည်းအပေါ်မဆို မှီခိုမှုကို လျှော့ချချင်တယ်လို့လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
Source: Reuters


