
ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီးတယောက် ဒီဇင်ဘာ ၂၂ ရက်က မော်စကိုမြို့တော် တောင်ပိုင်းမှာ ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
ယူကရိန်း အထူးတပ်ဖွဲ့တွေက တိုက်ခိုက်မှုနောက်ကွယ်မှာ ပါနိုင်တယ်လို့ သံသယရှိတဲ့အကြောင်း ကော်မတီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
မော်စကိုစံတော်ချိန် မနက် ၆ နာရီ ၅၅ မိနစ်မှာ ရုရှားဗိုလ်ချုပ်ကြီး ဖန်နီလ် ဆာဗာရော့ဗ် မောင်းတဲ့ ကီယာ စိုရန်တို ကားဟာ ကားရပ်နားရာနေရာကနေ ထွက်ချိန်မှာ ကားအောက်က ဗုံးပေါက်ကွဲခဲ့တာပါ။
ဆာဗာရော့ဗ်ဟာ ရုရှားစစ်ဦးစီးချုပ်ရဲ့ တပ်မတော်စစ်ဆင်ရေး လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲလည်း ဖြစ်ပါတယ်။
ရုရှား နိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မတီက ဆာဗာရော့ဗ်ဟာ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေက ပျက်စီးနေတဲ့ကားကို ပြထားတဲ့ ဗီဒီယိုတခု ထုတ်ပြန်ခဲ့ပြီး ယာဉ်မောင်းထိုင်ခုံမှာ သွေးတွေကို မြင်ရပါတယ်။
စုံစမ်းစစ်ဆေးနေတဲ့ မူကွဲတခုမှာ ဗုံးကို ယူကရိန်းအထူးတပ်ဖွဲ့တွေက ထောင်ခဲ့တာလို့ ကော်မတီက ပြောပါတယ်။ ယူကရိန်းကတော့ ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
Source: Reuters


