
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မျက်မမြင်တက်တူးဆရာတယောက် နာမည်ကြီးနေပါတယ်။ အသက် ၃၈ နှစ်အရွယ် အီဂေါ မီခေးလော့ဗ်ဟာ ဥပဒေအရ မျက်မမြင်လို့ သတ်မှတ်ခံရတဲ့ အမြင်အာရုံချို့တဲ့မှုမျိုး ခံစားနေရသူ ဖြစ်ပါတယ်။
သူဟာ မျိုးဗီဇရောဂါတမျိုးကြောင့် အသက် ၈ နှစ်အရွယ်ကတည်းက အမြင်အာရုံ စတင်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အလင်းအမှောင်ကို ခွဲခြားသိနိုင်ပြီး အရာဝတ္ထုတွေရဲ့ ပုံသဏ္ဌာန် အကြမ်းဖျင်းကိုလည်း မြင်နိုင်ပါသေးတယ်။
သူ့ပတ်ဝန်းကျင်ကမ္ဘာလောက ဘယ်လိုပုံစံရှိတယ် ဆိုတာကိုလည်း သူ မှတ်မိနေဆဲ ဖြစ်ပါတယ်။
တက်တူးမထိုးခင် သူ့ရဲ့ဖောက်သည်ရဲ့ လက်မောင်းပေါ်မှာ လက်နဲ့စမ်းသပ်ပြီး တက်တူးပုံစံကို နေရာချလေ့ ရှိပါတယ်။
သူဟာ ဖောက်သည်တွေ ရွေးချယ်တဲ့ စကားလုံးတွေကို မျက်မမြင်စာ (Braille ဘရေးလ်) အဖြစ်ပြောင်းပြီး အပ်တချောင်းတည်းနဲ့ ထိုးတဲ့တက်တူးတွေကို အဓိက ဆွဲပေးတာ ဖြစ်ပါတယ်။
ကလပ်စစ်ဂီတာ တီးခတ်သူတယောက်လည်းဖြစ်တဲ့ မီခေးလော့ဗ်က သူ့ရဲ့ တက်တူးထိုးတဲ့ နည်းစနစ်ဟာ ဂီတာကြိုးကို တီးခတ်ရသလို တိကျတဲ့ အာရုံစိုက်မှုမျိုး လိုအပ်တယ်လို့ ဆိုပါတယ်။
တက်တူးထိုးတာနဲ့ ဂီတအပြင် သူဟာ ရုရှားနိုင်ငံရဲ့ မျက်မမြင် စားပွဲတင်တင်းနစ် လက်ရွေးစင်အသင်းက ကစားသမားတယောက်လည်း ဖြစ်ပါတယ်။
သူ့ဆံပင်ညှပ်ဆိုင်မှာတော့ “Comfort Zone ထဲမှာပဲ နေရင် သင် သေဆုံးသွားလိမ့်မယ်” ဆိုတဲ့ ဆိုင်းဘုတ်တခုကို ချိတ်ဆွဲထားပြီး သက်သာသလိုနေပြီး ဘဝကို အရှုံးပေးတာမျိုး မလုပ်ဖို့ နှိုးဆော်ထားပါတယ်။
Source: Reuters


