
Avatar 3 ဇာတ်ကား တရုတ်နိုင်ငံမှာ ရုံတင် ပြသပြီး ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ သန်း ရရှိထားပါတယ်။
အွန်လိုင်းရုပ်ရှင်အချက်အလက်တွေ ဖော်ပြတဲ့ Maoyan ရဲ့ ဖော်ပြချက်အရ Avatar 3 ဟာ သောကြာနေ့ ၁ ရက်တည်း ရုပ်ရှင်လက်မှတ်ရောင်းချရငွေ ဒေါ်လာ ၁၄ သန်းရရှိခဲ့တယ်လို့ သိပါတယ်။
ဒါဟာ တရုတ်နိုင်ငံ ၁ နိုင်ငံလုံးရဲ့ ၇၃ ရာခိုင်နှုန်းဝင်ငွေ ရရှိတာဖြစ်ပြီး ဇာတ်ကားနောက်ဆုံး ပြသပြီးချိန်မှ ဒေါ်လာ ၁၄၂ သန်းအထိ ရမယ်လို့ Maoyan က ခန့်မှန်းထားပါတယ်။
Zootopia 2 ဇာတ်ကားကလည်း တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ခဲ့ပြီး ဒေါ်လာ ၅၁၁ သန်း ရရှိခဲ့ပါတယ်။
လက်ရှိ Avatar 3 ဇာတ်ကားလည်း ရုံတင်နေချိန် တရုတ်နိုင်ငံမှာ လူကြိုက်များပြီး ဝင်ငွေကောင်းလာတာဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရုပ်ရှင်နဲ့ပတ်သက်ပြီး ဝင်ငွေအများဆုံးရရှိတဲ့ နိုင်ငံ ဖြစ်လာပြီး မြောက်အမေရိကဈေးကွက်ထက်တောင် ရုပ်ရှင်ကနေ ဝင်ငွေရရှိခဲ့နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကြီးမားတဲ့ Screen ကြီးတွေသုံးပြီး ပြသလို အမေရိကန်နဲ့လည်း ရုံတင်ချိန် နောက်ကျမှု မရှိတော့တာကြောင့် အခုလို ဝင်ငွေတိုးလာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရုပ်ရှင်ကနေ ဝင်ငွေ တိုးရလာခြင်းက ရုပ်ရှင်ရုံတွေ တပ်ဆင်ထားတဲ့ ပစ္စည်းတွေ အဆင့်မြင့်လာပြီး ကမ္ဘာ့အဆင့် ရုပ်ရှင်ထုတ်လုပ်၊ ပြသတဲ့ အဆင့်အထိ ရောက်ရှိနေတာကြောင့်လို့ တရုတ်ယဉ်ကျေးမှု လေ့လာသူ တယောက်က ပြောပါတယ်။


