
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၁၈ ရက် နှောင်းပိုင်းမှာ လူငယ်ခေါင်းဆောင် ရှရစ်ဖ် အိုစ်မန် ဟာဒီ ကွယ်လွန်သွားပြီးနောက် မြို့အများအပြားမှာ အကြမ်းဖက် ဆန္ဒပြမှုတွေကြောင့် တုန်လှုပ်ခဲ့ရပြီး အမျိုးသားရွေးကောက်ပွဲတွေ မတိုင်ခင် နောက်ထပ် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။
လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ ဒါကာမှာ နိုင်ငံရဲ့ အကြီးဆုံး နေ့စဉ်သတင်းစာတိုက်တွေဖြစ်တဲ့ ပရိုသွန်မ် အာလို သတင်းစာနဲ့ ဒေးလီးစတား သတင်းစာတိုက်တွေရဲ့ ရုံးခန်းတွေကို လူအုပ်ကြီးက ဖျက်ဆီးနေကြပုံတွေကို မြင်တွေ့ရပါတယ်။
ဆန္ဒပြပွဲတွေမှာ ဟာဒီရဲ့အမည်ကို ခေါ်ဆိုဖော်ပြထားတဲ့ စိတ်ခံစားမှု အပြင်းအထန်ပါဝင်တဲ့ ကြွေးကြော်သံတွေနဲ့ အမှတ်အသားပြုထားပါတယ်။
ဆန္ဒပြသူတွေဟာ သူတို့ရဲ့လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ သူ့အသက်ကို ဆုံးရှုံးစေခဲ့တဲ့ တိုက်ခိုက်မှုအတွက် မြန်ဆန်တဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုကို တောင်းဆိုဖို့ ကတိပြုခဲ့ကြပါတယ်။
အင်န်ကွိလက်ဘ် မန်ချာ ပလက်ဖောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတယောက်ဖြစ်တဲ့ ဟာဒီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ဒါကာမှာ ရွေးကောက်ပွဲလှုပ်ရှားမှုတွေ စတင်နေချိန်မှာပဲ သူ့ကို မျက်နှာဖုံးစွပ် တိုက်ခိုက်ရေးသမားတွေက ဦးခေါင်းကို ပစ်ခတ်ခဲ့တာပါ။
သူ့ကို အစပိုင်းမှာ ဒေသခံဆေးရုံတရုံမှာ ကုသပေးခဲ့ပြီးနောက် အဆင့်မြင့် ဆေးကုသမှု ခံယူစေဖို့ စင်ကာပူကို လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး အဲဒီမှာ အသက်ကယ်ကိရိယာနဲ့ ၆ ရက်ကြာ ကုသမှု ခံယူပြီးနောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အမျိုးသားရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
Source: Reuters


