
ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားညှိနှိုင်းရေးမှူးတွေ ခုသီတင်းပတ်ကုန်မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ သတင်းရင်းမြစ် ၂ ခုက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
သက်ဆိုင်ရာ အစီအစဉ်တွေကို ရေးဆွဲနေတုန်းပဲလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် ကီရေးလ် ဒမစ်ထရိဗ်လည်း ပါဖို့ မျှော်လင့်ရပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ထဲမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက်ဂျရဒ်ကုရ်ှနာလည်း ပါမယ်လို့ သတင်းရင်းမြစ်တခုက ဖော်ပြပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အရှေ့ဘက်ကို နယ်ပယ်ချဲ့ထွင်မှုကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လှုံ့ဆော်မှုအပြီးမှာ ယူကရိန်းအကျပ်အတည်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခဲ့ပါတယ်။
Source: Reuters


