
ပြင်သစ်သမ္မတကတော် ဘရစ်ဂျက်မက်ခွန်းက အမျိုးသမီးဝါဒီဆန္ဒပြသူတွေကို “မိုက်မဲတဲ့ခွေးမတွေ”လို့ ပြောဆိုခဲ့တဲ့အတွက် အမျိုးသမီးအဖွဲ့အစည်း အများအပြားက တရားစွဲဆိုဖို့ တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။
မုဒိမ်းမှုနဲ့ စွပ်စွဲခံထားရဖူးတဲ့ သရုပ်ဆောင် အာရီအက်ဘီတန်နဲ့ ဘရစ်ဂျက်တို့ စကားပြောနေတဲ့အချိန် မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တခု လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။
ပြဇာတ်ရုံမှာ အမျိုးသမီးဝါဒီတွေက အက်ဘီတန်ကို ဆန္ဒပြခဲ့ကြချိန်မှာ သမ္မတကတော်က “မိုက်မဲတဲ့ခွေးမတွေ”လို့ခေါ်ဆိုပြီး ထပ်လာရင် မောင်းထုတ်ပစ်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အမျိုးသမီးဝါဒီတွေကို ကိုယ်စားပြုတဲ့အနေနဲ့ အမျိုးသမီး ၃၄၃ ယောက်က သမ္မတကတော်ကို လူသိရှင်ကြားစော်ကားမှုနဲ့ ဒီရက်သတ္တပတ်အတွင်း တရားစွဲဆိုလိုက်ပါတယ်။
တရားလိုရှေ့နေကတော့ သမ္မတကတော်ဟာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကွဲလွဲနေတယ်လို့ ဝေဖန်ပါတယ်။
ဘရစ်ဂျက်မက်ခွန်းကတော့ နစ်နာသူတွေကို ထိခိုက်စေခဲ့ရင် တောင်းပန်ကြောင်း ပြောဆိုပေမဲ့ ဒါဟာ ပုဂ္ဂလိက ပြောဆိုမှုသာဖြစ်ပြီး နောင်တမရဘူးလို့ တုံ့ပြန်ထားပါတယ်။
သရုပ်ဆောင် အက်ဘီတန် အပေါ် စွဲဆိုထားတဲ့ မုဒိမ်းမှု စွပ်စွဲချက်တွေကိုတော့ သက်သေမခိုင်လုံတဲ့အတွက် တရားရုံးက ၂၀၂၄ ခုနှစ်မှာ ပလပ်ခဲ့ပြီး ဖြစ်ပါတယ်။
Source: Reuters


