
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရာမာနူလာ လာကန်ဝါလ်ကို လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ သေနတ်ပစ်မှုတို့နဲ့ တရားစွဲဆိုထားကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဒီဇင်ဘာ ၂ ရက်မှာ ရေးသားဖော်ပြပါတယ်။
အမေရိကန်ရှေ့နေ ဂျီးနီ ပီယာရိုရဲ့ ရုံးက တင်သွင်းတဲ့ တရားရုံး စာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြခဲ့တာပါ။
တရားသူကြီးက လာကန်ဝါလ်အပေါ် ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေချိန်မှာ ချုပ်နှောင်ထိန်းသိမ်းထားဖို့ အမိန့်ပေးခဲ့ပါတယ်။
သတင်းတွေအရ လာကန်ဝါလ်ဟာ သူ့ရဲ့ဆေးရုံခုတင်ကနေ အွန်လိုင်းကတဆင့် ထွက်ပေါ်လာပြီး စွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
Source: Reuters


