
အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုလ်မြို့ရှိ ပြတိုက်စုဆောင်းမှုအဖြစ် ရှေးဟောင်းပစ္စည်းတွေ သိမ်းဆည်းထားတဲ့ အဆောက်အအုံတခုကနေ တန်ဖိုးမြင့် ရှေးဟောင်းပစ္စည်း ၆၀၀ ကျော် ခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် အစောပိုင်းက အမျိုးသား ၄ ယောက်ဟာ ဗြိတိသျှအင်ပါယာနဲ့ ဓနသဟာယမှာ ဘရစ္စတိုလ် ပြတိုက်ရဲ့ စုဆောင်းမှုကနေ ပစ္စည်းတွေထားရှိတဲ့ အဆောက်အအုံထဲ ခိုးဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း အေဗွန်နဲ့ ဆမ်းမားဆက် ရဲတပ်ဖွဲ့က ပြောပါတယ်။
အရင်တုန်းကတော့ ဖောက်ထွင်းခိုးယူမှုကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ရဲတွေဟာ လမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားတွေကို CCTV မှတ်တမ်းတွေကနေ ဖော်ထုတ်ပေးဖို့ အကူအညီတောင်းခံထားပါတယ်။
အမှုစုံစမ်းစစ်ဆေးရေး ရဲအရာရှိ ဒန်ဘာဂန်က “ယဉ်ကျေးမှုတန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများအပြား ခိုးယူခံရတာဟာ မြို့အတွက် သိသာထင်ရှားတဲ့ ဆုံးရှုံးမှုတခုပါ"လို့ ပြောပါတယ်။
အောက်တိုဘာလတုန်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ လုဗ်ပြတိုက်မှာလည်း ရှေးဟောင်းပစ္စည်းတွေ ခိုးယူခံခဲ့ရပြီး ကမ္ဘာ့မှာ အများဆုံးလာရောက်လည်ပတ်ကြည့်ရှုကြတဲ့ အဆိုပါပြတိုက်ရဲ့ အဓိကလုံခြုံရေး အားနည်းချက်တွေကို ဖော်ထုတ်ခံခဲ့ရပါတယ်။
Source: Reuters


