
လီဗာပူးကစားသမား မိုဆာလာဟာ နည်းပြစလော့နဲ့ ဆွေးနွေးပြီးနောက် အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်ခွင့်ရရှိသွားပါတယ်။
ပွဲစဉ် ၃ ပွဲဆက်တိုက်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် အသင်းကိုဝေဖန်ခဲ့တဲ့ ဆာလာဟာ အင်တာမီလန်ကို အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစာရင်းကနေချန်လှပ်ခံခဲ့ရသူပါ။
ဘရိုက်တန်အသင်းနဲ့ ကစားမဲ့ လူစာရင်းမှာတော့ မိုဆာလာ ပြန်လည်ပါဝင်လာပြီး သောကြာနေ့က လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပြစလော့နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်း လေ့ကျင့်ခဲ့ပါတယ်။
ဆာလာဟာ ဘရိုက်တန်နဲ့ပွဲအပြီးမှာ အာဖရိကဖလားကစားရမဲ့ အီဂျစ်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး အသင်းရဲ့ပွဲစဉ်တော်တော်များများကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။
Photo: Reuters


