
ဒဏ်ရာကြောင့် ၁၁ လကြာအနားယူခဲ့ရပြီးနောက်မှာ ပိုကောင်းတဲ့ခြေစွမ်းနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ် ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျေဇုက ပြောသွားပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ကစားခဲ့တဲ့မန်ယူအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမူခံယူခဲ့ရလို့ ၁၀ လ ကြာ အနားယူခဲ့ရတာပါ။
ကလပ်ဘရုဂျက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျေဇုက ပွဲချိန် ၆၂ မိနစ်မှာလူ စားဝင်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတချို့ ပြသနိုင်ခဲ့သူပါ။
ဘရုဂျက်နဲ့ပွဲမှာ အခွင့်အရေး ၃ ကြိမ်ရရှိခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့သင့်ပေမဲ့ ၁၁ လကြာအနားယူခဲ့ရပြီး ပထမဆုံးပွဲစဉ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း ဂျေဇုက ပြောပါတယ်။
ကာလရှည်အနားယူခဲ့ရတဲ့အချိန်အတွင်းမှာ ဘုရားသခင်အပေါ် ယုံကြည်မှု ထားရှိခဲ့ပြီး အဲဒီကျေးဇူးတော်တွေကြောင့် အရင်ကထက်ပိုမိုသန်မာတဲ့သူဖြစ်လာပြီလို့ ခံစားရကြောင်း ဂျေဇုက ပြောသွားပါတယ်။
Photo: Reuters


