
ကမ္ဘာ့ရွှေဈေး ပြန်မြင့်တက်လာတာကြောင့် ပြည်တွင်းအခေါက်ရွှေဈေး ၈၈ သိန်းခွဲလောက်အထိ ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်း အခေါက်ရွှေဈေးကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ကျပ် ၈၈ သိန်းခန့်သာ ရှိခဲ့ပြီး ရက်ပိုင်းအတွင်း ကျပ် ၄ သောင်းဝန်းကျင် ပြန်မြင့်တက်လာတာဖြစ်ပါတယ်။
အမေရိကန်တဒေါ်လာဈေး ကျပ် ၄,၀၀၀ ဝန်းကျင်အထိ ပြန်ကျလာပေမဲ့ ကမ္ဘာ့ရွှေဈေး အတက်ကြောင့် ပြည်တွင်းဈေး လိုက်ပါမြင့်တက်လာတာလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ကမ္ဘာ့ရွှေဈေးတက်လို့ ပြင်ပရွှေဈေး လိုက်တက်လာပေမဲ့ စစ်ကောင်စီ သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးကတော့ ၅၉ သိန်း ၈ သောင်းကျပ် ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်က သတ်မှတ်ဈေးထက် ကျပ် ၁ သောင်းခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။


