
အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှာ ဒီဇင်ဘာ ၉ ရက်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးကာ ကျန်တယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
သေနတ်သမားအကြောင်း သတင်းပေးချက်တွေ ထွက်ပေါ်လာပြီးနောက် မကြာခင်မှာပဲ ပြည်နယ်မြို့တော် ဖရန့်ခ်ဖော့်ထိရှိ ဒေသခံရဲတပ်ဖွဲ့နဲ့ ကောင်တီရဲအရာရှိတွေဟာ သူ့ကို ဖမ်းဆီးခဲ့ပြီး ကျောင်းဝင်းကို လုံခြုံအောင် လမ်းပိတ်ဆို့ခဲ့ကြောင်း အာဏာပိုင်တွေက လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
ဖရန့်ခ်ဖော့ထ် ရဲဌာနကတော့ အသေးစိတ် အချက်အလက်တွေကို ထပ်မံပြောကြားခြင်း မရှိပါဘူး။
တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။
သံသယရှိသူဟာ ကျောင်းသားမဟုတ်ဘဲ ပစ်ခတ်ခံရသူ ၂ ယောက်စလုံးက ကျောင်းသားတွေ ဖြစ်ကြောင်းနဲ့ ပစ်ခတ်မှုဟာ လူနေအဆောင်အပြင်ဘက်မှာ ဖြစ်ပွားခဲ့ကြောင်း တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူတယောက်ကို ကိုးကားပြီး The New York Times က ဖော်ပြခဲ့ပါတယ်။
သမိုင်းဝင် လူမည်းကျောင်းတကျောင်းဖြစ်တဲ့ ကင်တပ်ကီပြည်နယ် တက္ကသိုလ်ဟာ ၂၀၂၃ ခုနှစ် ဆောင်းဦးရာသီအထိ ကျောင်းသား ၁,၇၀၀ ရှိပါတယ်။
Source: Reuters


