
အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတွေအပါအဝင် နိုင်ငံခြားကုမ္ပဏီတွေဟာ ဥရောပမှာ အလုပ်လုပ်တဲ့အခါ ဂျာမန်နဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ ဂျာမနီဝန်ကြီးချုပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
လူမှုမီဒီယာပလက်ဖောင်း X အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဝေဖန်ချက်ကို တုံ့ပြန်ပြောဆိုခဲ့တာပါ။
အမေရိကမှာရှိတဲ့ ဂျာမန်နဲ့ ဥရောပကုမ္ပဏီတွေဟာ အဲဒီနေရာမှာ သက်ရောက်တဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး လိုအပ်ရင် အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရသလိုပဲ ဥရောပမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာလည်း ဒီနေရာမှာ သက်ရောက်တဲ့ စည်းမျဉ်းတွေကို လက်ခံရမယ်၊ မလိုက်နာရင် ဂျာမနီနဲ့ ဥရောပမှာ ပိတ်ဆို့ဒဏ်ခတ်ခံရမယ့် ဖြစ်နိုင်ခြေတွေ ရှိတယ်လို့ ဖရေးဒရစ်ချ် မားဇ်က အာမေးနီးယားဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဥရောပ ပွင့်လင်းမြင်သာမှုစည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ဥရောပကော်မရှင်က အီလွန်မတ်စ်ခ်ရဲ့ လူမှုမီဒီယာပလက်ဖောင်းအပေါ် ဒဏ်ငွေ ယူရို သန်း ၁၂၀ ချမှတ်တာကို ဆိုးရွားရက်စက်တယ်လို့ ထရမ့်ပ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source:Reuters


