
ဘရာဇီးတိုက်စစ်မှူးနေမာရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားအမီ ပြန်ကစားနိုင် မယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်ရှိ ဘရာဇီးအသင်းခေါင်းဆောင်ဟောင်းဟာ ကြံ့ခိုင်မှု အကောင်းဆုံး မရရှိသေးတာကြောင့် လက်ရှိ ဘရာဇီးအသင်းမှာ ရွေးချယ်ခြင်းမခံရသေးသူပါ။
ဆန်းတို့စ်အသင်းကို ဘရာဇီးလိဂ်မှာ တန်းတင်ကျန်ရစ်အောင်စွမ်းဆောင်ခဲ့တဲ့နေမာဟာ ခရူဇီယိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရလျက်နဲ့ မိနစ် ၉၀ ပြည့်အောင် ကစားပေးခဲ့ပါတယ်။
လောလာဆယ် အချိန်မှာ အနားယူဖို့လိုအပ်ပြီး ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူသွားမယ်လို့ နေမာက အတည်ပြုပါတယ်။
နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှာ ၁၈ လတာကာလအတွင်း ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးနောက် အခုနှစ်ဇန်နဝါရီလက မွေးရပ်မြေကလပ် ဆန်းတို့စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။
Photo: Reuters


