
အင်တာမိုင်ယာမီအသင်းဟာ ဘရာဇီးတိုက်စစ်မှူး နေမာကို ခေါ်ယူပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့နဲ့အတူ ၃ ယောက် MSN တိုက်စစ် အတွဲကို ပြန်လည် ပုံဖော်ဖို့ ကြိုးပမ်းနေပါတယ်။
နေမာဟာ အခုနှစ် ဇန်နဝါရီလက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် မွေးရပ်မြေကလပ် ဆန်းတို့စ်မှာ ၆ လစာချုပ်နဲ့ ကစားနေတာပါ။
အဲဒီနောက် လာမယ့် ဒီဇင်ဘာလအထိ သက်တမ်းတိုးထားပေမဲ့ တခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိနေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နေမာကို ခေါ်ယူမယ့် အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီး ကမ္ဘာ့ဖလားကျင်းပမယ့် အချိန်မှာ အမေရိကန်မြေဆီ ရောက်လာဖို့ ရှိပါတယ်။
တချိန်က ဘာစီလိုနာအသင်းဟာ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ကို MSN တိုက်စစ်အတွဲ လို့ ခေါ်ဝေါ်ခဲ့ကြပြီး အတွဲညီညီ ခြေစွမ်းပြနိုင်ခဲ့ကြတာပါ။
မိုင်ယာမီအသင်းဟာ အသက် ၃၈ နှစ်ရှိနေပြီ ဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ကိုလည်း စာချုပ်သစ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
Photo:Reuters


