
မြန်မာဘက်ခြမ်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဒီဇင်ဘာ ၅ ရက်မှာ ထိုင်းနိုင်ငံက လူနေရပ်ကွက်ထဲကို ကျရောက်ခဲ့ပြီး ထိုင်းရွာသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းက ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကိုတွေ့ရတဲ့ CCTV မှတ်တမ်းကိုလည်း ဖော်ပြထားပြီး မဲဆောက်ခရိုင်၊ မဲကွန်ခင်ရွာက လမ်းပေါ်ကို ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်အထိ မတည်မငြိမ်ဖြစ်နေပြီး ထိုင်းလုံခြုံရေးအရာရှိတွေရဲ့ အစီရင်ခံချက်အရ မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နားက တော်လှန်ရေးတပ်တွေရဲ့ အခြေစိုက်စခန်းကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုတွေကတော့ ထိုင်းဘက်ခြမ်းကို တိုက်ရိုက်ထိခိုက်တာမရှိပေမဲ့ ဆက်တိုက်ပေါက်ကွဲသံတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပြီး ဒေသခံအများအပြားဟာ အစိုးရက သတ်မှတ်ထားတဲ့ ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြရတယ်လို့ သတင်းက ဖော်ပြပါတယ်။
Video : Khaosod English


