Home
နိုင်ငံတကာ
ယူကရိန်းတပ်မတော်နေ့တွင် ဒဏ်ရာရစစ်သည်များကို သမ္မတ ဇလန်းစကီး သွားရောက်တွေ့ဆုံ
DVB
·
December 7, 2025
Photo: Zelenskyy Facebook

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ယူကရိန်းတပ်မတော်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၆ ရက်မှာ ဒဏ်ရာရစစ်သားတွေနဲ့ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုဖို့ ကိယက်ဗ်မြို့က ဆေးရုံတရုံဆီ သွားခဲ့ပြီး စစ်သည်တွေရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဇလန်းစကီးဟာ တပ်ဖွဲ့ဝင်တွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ဆုတွေပေးတာနဲ့ ရှေ့တန်းမှာရတဲ့ ဒဏ်ရာတွေကနေ ပြန်ကောင်းလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

သူတို့ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းလာစေဖို့ ယူကရိန်းသမ္မတက ဆုမွန်ကောင်းတောင်းခဲ့ပြီး ရုရှနဲ့စစ်ပွဲအတွင်း ယူကရိန်းကို ကာကွယ်ရာမှာ သူတို့ရဲ့အခန်းကဏ္ဍကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

ဇလန်းစကီးဟာ ယူကရိန်းတပ်မတော်နေ့ အခမ်းအနားမှာ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို မိန့်ခွန်းပြောခဲ့သလို ကျဆုံး အရာရှိ၊ စစ်သည်တွေရဲ့ မိသားစုတွေကိုလည်း ဆုတွေပေးခဲ့ပြီး တာဝန်ထမ်းဆောင်နေဆဲ အမျိုးသား၊ အမျိုးသမီးတွေကိုလည်း ဆုတွေပေးခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013