Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်သဘောတူညီချက် နောက်တဆင့်တိုးမြှင့်ရန် တူရကီ ပြော 
DVB
·
December 7, 2025
Photo: Yoan Valat/Pool via REUTERS

အမေရိကန် ထောက်ခံတဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို နောက်တဆင့် မတိုးမြှင့်တာဟာ ကမ္ဘာကြီးနဲ့ အမေရိကန်အစိုးရအတွက် “ကြီးမားတဲ့ ကျရှုံးမှု” ဖြစ်လိမ့်မယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာခန်ဖှီဒန်က ဒီဇင်ဘာ ၆ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဂါဇာအုပ်ချုပ်ရေးကို ဟားမတ်စ်လက်နက် ဖျက်သိမ်းရေးမတိုင်မီ လုပ်ဆောင်ရမယ်လို့လည်း တူရကီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုယ်တိုင်က ဒီတွန်းအားပေးမှုကို ဦးဆောင်ခဲ့တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

ဟားမတ်စ်တွေကို လက်နက်ဖြုတ်သိမ်းနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ ပါလက်စတိုင်းအရပ်ဘက် အုပ်ချုပ်ရေးနဲ့ စိစစ်ပြီးသား လေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့တရပ် ရှိဖို့လိုပြီး အဖွဲ့က အဲဒီနယ်မြေကို ထိန်းချုပ်ခွင့်လွှဲပေးဖို့ အသင့်ရှိတယ်လို့  ဒိုဟာဖိုရမ်နဲ့ ဆက်စပ်နေတဲ့ လူတွေ့ မေးမြန်းခန်းမှာ ဖီဒန်က ပြောပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့အဖွဲ့ဝင် တူရကီဟာ အစ္စရေးက ဂါဇာအပေါ် တိုက်ခိုက်မှုကို အပြင်းထန်ဆုံးဝေဖန်သူတွေထဲက တနိုင်ငံပါ။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သဘောတူညီချက်ကို အာမခံသူအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်အကောင်အထည်ဖော်မှုကို စောင့်ကြည့်ဖို့ ကြိုးပမ်းရာမှာ ပါဖို့ဆန္ဒရှိတယ်လို့ အကြိမ်ကြိမ်ဖော်ပြခဲ့ပြီး ဒီလုပ်ဆောင်ချက်ကိုတော့ အစ္စရေးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

မတ်လမှာ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့တွေနဲ့ ဆီးရီးယားအစိုးရတို့က SDFတပ် ကို ဆီးရီးယားရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံတွေမှာ ပေါင်းစည်းဖို့ သဘောတူခဲ့တဲ့ အထင်ကရသဘောတူညီချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖီဒန်က SDF ရဲ့ အချက်ပြမှုတွေက သဘောတူညီချက်ကို လိုက်နာဖို့ ရည်ရွယ်ချက်မရှိဘဲ အဲဒီအစား ရှောင်လွှဲဖို့ ကြိုးစားနေတာကို ပြနေတယ်လို့ ပြောခဲ့ပါတယ်။

တူရကီအစိုးရက SDF ကို အကြမ်းဖက်အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်ထားပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အခုနှစ်ကုန်ရက်ကို နောက်ဆုံးရက် သတ်မှတ်ထားပါတယ်။

ဆီးရီးယားမှာ သမ္မတ ဘာရှာအယ်လ်-အာဆတ် ပြုတ်ကျပြီး တနှစ်နီးပါးအကြာမှာ ဖီဒန်က လူနည်းစု အခွင့်အရေးဆိုင်ရာ ပြဿနာတချို့ကို မဖြေရှင်းနိုင်သေးဘူးလို့ ပြောခဲ့ပြီး ဆီးရီးယားအစိုးရသစ်ကို တူရကီက ထောက်ခံခြင်းဟာ ဘယ်အဖွဲ့ကိုမျှ ဖိနှိပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013