ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီသံရုံးရှေ့မှာ တော်လှန်အင်အားစုတွေက အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သပိတ်ပြုလုပ်နေကြပြီး ကြိုတင်မဲ လာပေးသူ မရှိသလောက် နည်းပါးတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲပေးခိုင်းနေတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ မဲပေးခိုင်းနေလို့ စစ်တပ်ဆန့်ကျင်သူတွေကတော့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက် ၁၀ နာရီက စလို့ သံရုံးသွားတဲ့လမ်းမှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေပါတယ်။
မနက် ၁၁ နာရီအထိ ကြိုတင်မဲလာထည့်တယ်လို့ယူဆရတဲ့သူ ၁၀ ယောက် မကျော်ဘူးလို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ ကိုရီးယားက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၇ ရက်မှာလည်း ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဆန္ဒပြပွဲပြုလုပ်မှာဖြစ်ပြီး မြေပြင်နဲ့အွန်လိုင်းလှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။







