
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်ကောင်စီက ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလောင်း ဦးမြင့်ဌေး သေဆုံးသွားကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပရဟိတသမားတယောက်ဖြစ်ပြီး စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြန်လည်ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီမှာ ရုတ်တရက် သွေးစောင့်တက်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်မြို့ ပြည်သူ့ပါတီနာယက,က “ပဒုမ္မာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီ။ ဦးမြင့်ဌေး ကွယ်လွန်သွားတဲ့အတွက် ပြည်သူ့ပါတီအတွက် အရမ်းဆုံးရှုံးမှုတခု ဖြစ်ရတယ်။ ပုသိမ်မှာက ပရဟိတလုပ်ခဲ့တယ်ဆိုတော့ ပြည်သူတွေ လေးစားကြည်ညိုမှု အများကြီးရှိတဲ့သူဆိုတော့ မဲဆန္ဒရှင်တွေလည်း အရမ်းနစ်နာရပါတယ်” လို့ ပြောပါတယ်။
ဒီအချိန်ကာလမှာက နိုင်ငံရေးလုပ်ဖို့ဆိုတာ တကယ်ကို ရှားပါးနေတဲ့အချိန်မှာ နိုင်ငံရေးလုပ်ပြီး ပြည်သူ့အကျိုးလုပ်ချင်တဲ့သူ ဆုံးပါးသွားတာ နိုင်ငံအတွက်ရော ပြည်သူအတွက်ပါ နစ်နာရတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့ပါတီရဲ့ ကိုယ်စာလှယ်လောင်း ဦးမြင့်ဌေးရဲ့ နာရေးကို ဒီဇင်ဘာ ၅ ရက် နေ့လယ် ၂ နာရီ ၃၀ မှာ ပုသိမ်မြို့ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


