Home
မြန်မာသတင်း
ရန်ကုန်တွင် ဒီဇယ်စျေး ၁ လီတာ  ကျပ် ၃,၀၀၀ အောက်ပြန်ရောက်
DVB
·
December 6, 2025

ရန်ကုန်မြို့မှာ ဒီဇယ်ဈေး  ၁ လီတာမှာ ၁၈၅ ကျပ် ကနေ  ၂၂၅ ကျပ် အထိကျဆင်းလာပြီး လက်ရှိမှာ ၁ လီတာဈေး ကျပ်၃,၀၀၀  အောက်ပြန်ရောက်ရှိလာပါတယ်။

ဒီတပတ်အတွက် စစ်ကောင်စီသတ်မှတ်တဲ့ ရန်ကုန်လက်လီရည်ညွှန်းဈေးက ဒီဇယ်တလီတာကို ၂၈၀၅ ကျပ်၊ ပရီမီယံဒီဇယ် ၁ လီတာကို ၂၈၀၅ ကျပ်၊ ဓာတ်ဆီ 92  ၁ လီတာကို ၂၅၂၅ ကျပ်၊ ဓာတ်ဆီ 95 ၁ လီတာကို ၂၆၁၀ ကျပ်ဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်အထိ ဒီဇယ် ၁ လီတာဈေးတွေက ကျပ် ၃,၀၀၀ အထက်မှာရှိနေခဲ့တာဖြစ်ပြီး သီတင်းပတ် ၄ ပတ်အတွင်းမှာ ကျပ် ၃,၀၀၀ အောက်ကို ပြန်ရောက်ရှိလာတာပါ။

ဓာတ်ဆီဈေးတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁ လီတာမှာ ၃၅ ကျပ်ကနေ ကျပ် ၄၀ ခန့် အထိ အနည်းငယ် ပြန်တက်လာတာ တွေ့ရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနကပြည်တွင်းမှာချက်တဲ့ Ron 68၊ Ron 72၊ Ron 77 ဓာတ်ဆီတွေကို ဒီဇင်ဘာ ၄ ရက်က စပြီး ၂၀၀ ကျပ် လျှော့ချ ရောင်းပေးသွားမယ်လို့ ကြေညာထားပါတယ်။

အရင်က ပြည်တွင်းမှာချက်လုပ်တဲ့ ဓာတ်ဆီတွေကို ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရေး လုပ်ငန်းတွေဆီ တင်ဒါစနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီလကစပြီး သုံးစွဲသူတွေဆီ တိုက်ရိုက် ရောင်းချလာတာပါ။

စစ်ကောင်စီဗဟိုဘဏ်ကလည်း ဒီဇင်ဘာ ၃ ရက်က အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform) ကတဆင့် စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013