
ကွင်းလယ်ကြယ်ပွင့် ကိုဘီမိန်နူးကို အသုံးမပြုတဲ့အပေါ် ဝေဖန်ခဲ့တဲ့ ပေါလ်စခိုးကို မန်ယူနည်းပြ အာမိုရင်ကပြန်လည် တုံ့ပြန်သွားပါတယ်။
မိန်နူးဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပေမဲ့ နည်းပြအာမိုရင်လက်ထက်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေပြီး အင်္ဂလန် အသင်းမှာလည်း ရွေးချယ်ခံရခြင်း မရှိတော့သူပါ။
ကိုဘီမိန်နူးဟာ ဘောလုံးကို ထိန်းချုပ်ကစားနိုင်ခြင်းမရှိတဲ့အသင်းမှာ ဖျက်ဆီးခံနေရပြီး အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားတယောက် ထွက်ခွါတာကို မနှစ်သက်ပေမဲ့ အသင်းကနေ ထွက်ခွါတာက သူ့အတွက် အကောင်းဆုံးဖြစ်တယ်လို့ မန်ယူဂန္ထဝင်ပေါလ်စခိုးက သုံးသပ် သွားတာပါ။
နည်းပြအာမိုရင်ကတော့ ပွဲထွက်လူစာရင်းအတွက် လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်ရာမှာ ကိုဘီမိန်နူးက ပွဲထွက်နေရာအတွက် ချန်လှပ်ခံရတာဖြစ်ပြီး ဘယ်သူ ကစားခွင့်ရတယ်၊ မရဘူးဆိုတာထက် အသင်းနိုင်ပွဲ ရဖို့က အဓိကဖြစ်ကြောင်း အာမိုရင်က ပြောသွားပါတယ်။
Photo: Reuters


