
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ ရက် ဒီကနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တာမှာ မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအမျိုးသမီးအသင်းအတွက် ဂိုးတွေကိုတော့ ဝါရင့်တိုက်စစ်ကစားသမား ဝင်းသင်္ဂီထွန်းနဲ့ မေထက်လူတို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်း နေတာဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်မှာ မလေးရှား၊ ဒီဇင်ဘာ ၁၁ ရက်မှာ ဗီယက်နမ်အသင်းတွေနဲ့ အုပ်စုပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားရမှာပါ။
Photo: MFF


