
အမေရိကန်စစ်တပ်ဟာ ဒီဇင်ဘာ ၄ ရက်က အရှေ့ပစိဖိတ်ဒေသရှိ နိုင်ငံတကာရေပိုင်နက်မှာ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါးသင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ရာမှာ အမျိုးသား ၄ ယောက် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသင်္ဘောဟာ တရားမဝင် မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ပြီး အရှေ့ပစိဖိတ်ဒေသက မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု လမ်းကြောင်းတလျှောက် ဖြတ်သန်းသွားလာနေခဲ့တာကို ထောက်လှမ်းရေးက အတည်ပြုခဲ့ပါတယ်လို့ အမေရိကန်စစ်တပ်က X မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်တောင်ပိုင်းကွပ်ကဲရေးဌာနဟာ အရှေ့ပစိဖိတ်ဒေသမှာ သင်္ဘောငယ်တစင်းကို အမေရိကန်စစ်တပ်က တိုက်ခိုက်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို ထုတ်ပြန်ခဲ့ပါတယ်။
၂၁ စက္ကန့်ကြာတဲ့ ဗီဒီယိုကလစ်မှာ နိုင်ငံတကာရေပိုင်နက်ထဲမှာ လှေကို ဝင်တိုက်မိပြီး မီးထလောင်နေတာကို ပြသထားပါတယ်။
Source: Reuters


