
ဂျာမနီနိုင်ငံဟာ ဒီဇင်ဘာ ၃ ရက်က ရုရှားရဲ့ အိုရက်ရှ်နစ်ခ်လို အလယ်အလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်တိုက်ခိုက်ဖို့ တည်ဆောက်ထားတဲ့ အဲရိုး လေကြောင်းကာကွယ်ရေးစနစ်ကို ဖြန့်ကြက်တဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာခဲ့ပြီး ဘာလင်ဟာ တိုးပွားလာနေတဲ့ မော်စကိုရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ကြိုးပမ်းနေပါတယ်။
ဒီစနစ်ဟာ ဂျာမနီနဲ့ NATO နှစ်ခုလုံးအတွက် အရေးကြီးကြောင်း ဂျာမန်လေတပ်ရဲ့ စစ်ဆေးရေးမှူး ဟွိုင်းလ်ဂါး နွိုင်းမန်းန်က ပြောပါတယ်။
အခမ်းအနားကို ဘာလင်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာရှိ ရှိုးနဲဗားလ်ဒဲ လေတပ်စခန်းမှာ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့လေထုပြင်ပမှာ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အထက် အမြင့်မှာ လုပ်ဆောင်နိုင်ပြီး ကီလိုမီတာ ၂,၄၀၀ အကွာအဝေးမှာ ပျံသန်းနိုင်တဲ့ အဲရိုးစနစ်မှာ တည်နေရာတခုတည်းမှာ တပ်ဆင်ထားပြီး ထရပ်ကားတွေပေါ်မှာ တပ်ဆင်ထားတဲ့ Patriot နဲ့ IRIS-T တို့လို ပစ်ခတ်အကွာအဝေး ပိုတိုတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ထပ်ပြီး ဖြည့်စွက်ထားပါတယ်။
အဲရိုး လေကြောင်းကာကွယ်ရေးစနစ်ဟာ ၂၀၂၄ ခုနှစ် ဧပြီလနဲ့ အောက်တိုဘာလမှာ အစ္စရေးအပေါ် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ဟန့်တားရာမှာ ကူညီပေးခဲ့ပြီးကတည်းက နိုင်ငံအများအပြားက နည်းပညာဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
Source: Reuters


