
ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့မှာ ကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို နိုဝင်ဘာ ၂၄ ရက်က စပြီး မီးအလှတွေ စတင်ထွန်းညှိလိုက်ပါပြီ။
၄၅ မီတာမြင့်တဲ့ ဒီသစ်ပင်ကြီးကိုတော့ Red Spruce (ရက်စပရုစ်) လို့ခေါ်တဲ့ ထင်ရှူးပင် ၁,၂၀၀ နဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး စုစုပေါင်း အလေးချိန် တန် ၄၀ လောက် ရှိပါတယ်။
သစ်ပင်ထိပ်ဖျားမှာ တပ်ဆင်ထားတဲ့ နတ်တမန်ရုပ်တုကတင် ၄ မီတာအမြင့်ရှိပြီး သစ်ပင်တပင်လုံးကိုတော့ LED မီးလုံးပေါင်း ၁၃၈,၀၀၀ နဲ့ အလှဆင်ထားတာပါ။
ဒီဒေါ့မွန် ခရစ္စမတ်သစ်ပင်ကြီးကို ၁၉၉၆ ခုနှစ်ကတည်းက နှစ်စဉ်မပျက် စိုက်ထူလာခဲ့တာ ဖြစ်ပါတယ်။
သစ်ပင်ကြီးဟာ "Christmas City" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒေါ့မွန် ခရစ္စမတ်ဈေးပွဲတော်ရဲ့ အဓိကပြယုဂ်တခုဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်နဲ့ ဝန်းရံထားပါတယ်။
ဒါ့အပြင် သစ်ပင်မှာ တပ်ဆင်ထားတဲ့ မီးအလှတွေနဲ့ ၂ မိနစ်ကြာ ဖျော်ဖြေတင်ဆက်မှုတွေလည်း တနာရီခြား တခါ ပြုလုပ်သွားမှာပါ။
Source:Reuters


