
ဂျပန်နိုင်ငံ၊ တောင်တန်းဒေသတွေမှာ ဒီဇင်ဘာ ၄ ရက်က နှင်းတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပြီး ကားလမ်းနဲ့ လေကြောင်းသွားလာမှုတွေ ရပ်တန့်သွားကာ မော်တော်ကား မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ နှင်းတွေ ၁၃ စင်တီမီတာ (၅ ဒသမ၁ လက်မ) ကျဆင်းခဲ့တဲ့ အာအိုမိုရီစီရင်စုမှာ မြင်ကွင်းမကောင်းတာကြောင့် အာအိုမိုရီနဲ့ ဟိုယိုဂို စီရင်စုတွေကို ဆက်သွယ်တဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြောင်း ဂျပန်ရုပ်သံ NTV က ထုတ်လွှင့်ပါတယ်။
နှင်းနဲ့ လေပြင်းတွေ တိုက်ခတ်မှုကြောင့် အာအိုမိုရီစီရင်စုရှိ ဒေသခံရထားတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။
ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းအထိ မီယာဂီစီရင်စုမှာ လမ်းချော်မှု ၁၃ မှု ဖြစ်ပွားခဲ့ကြောင်း မီယာဂီစီရင်စုရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး NTV က ဖော်ပြပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ နှင်းတွေထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ တခြားအန္တရာယ်တွေအတွက် သတိရှိရှိနေထိုင်ကြဖို့ မိုးလေဝသအရာရှိတွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
Source: Reuters


