စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို လှည့်လည်ထောက်ပံ့ပေးနေပြီး အိမ်ထောင်စု ၂,၀၀၀ လောက်အတွက် ကျပ်သိန်း ၅၀၀ ဖိုးလောက် ကူညီထားပြီလို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့က မြို့နယ်ပအဖ၊ လူသားစာနာနဲ့ ပြည်သူတွေပူးပေါင်းပြီး စစ်ဘေးရှောင် အိမ်ထောင်စု ၁၉၀ လောက်အတွက် ဆန် အပိုင်း ၃၀၊ ဆီ ပိဿာ ၁၁၀၊ ထောပတ်ပဲ၊ ပုဂံပဲ ၄ ပိုင်း၊ အိုင်အိုဒင်းဆား အထုပ် ၁၉၀ စတဲ့ ကာလတန်ဖိုး ငွေကျပ် သိန်း ၄၀ လောက်ရှိတဲ့ ထောက်ပံ့ပစ္စည်းတွေကို စစ်ဘေးရှောင်ပြည်သူတွေဆီ ၅ ရက်မြောက်နေ့အဖြစ် လှည့်လည်ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီ ၅ ရက်အတွင်း ကာလတန်ဖိုး ငွေကျပ် ၄၈၅ သိန်းရှိတဲ့ ဆန်၊ ဆီ၊ ပဲနဲ့ ဆားတို့ကို အိမ်ထောင်စု ၁,၉၉၀ အတွက် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။














