
အစ္စရေးထိန်းချုပ်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ နိုဝင်ဘာ ၂၇ ရက်က စီးနင်းမှုတခုအတွင်း အညံ့ခံနေတဲ့ လက်နက်မဲ့ ပါလက်စတိုင်း ၂ ယောက်ကို အစ္စရေးတပ်ဖွဲ့တွေက ပစ်သတ်လိုက်တဲ့ ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာပါတယ်။
ပါလက်စတိုင်း ရုပ်မြင်သံကြားကနေပြသခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ၊ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်း၊ ဂျီနင်းမြို့မှာ လက်နက်ကိုင်အစ္စရေးတပ်ဖွဲ့တွေက ဝိုင်းထားတဲ့ အဆောက်အအုံတခုတွင်းက အမျိုးသားတွေ ထွက်လာတာကို တွေ့ရပါတယ်။
ဒီနောက် ဗုံးနဲ့ လက်နက်တွေ မရှိကြောင်း အင်္ကျီပါလှန်ပြခဲ့ကြပြီး မြေပြင်ပေါ်မှာ ဝပ်ပြီးတော့ အညံ့ခံခဲ့ကြတာပါ။
အဲဒီနောက်မှာ အစ္စရေးတပ်တွေက အဲဒီအမျိုးသား ၂ ယောက်ကို အဆောက်အအုံထဲ ပြန်ဝင်ဖို့ ညွှန်ကြားခဲ့ပြီး ကျောခိုင်းနေချိန်မှာပဲ နောက်ကနေ အနီးကပ် ပစ်သတ်လိုက်တာဖြစ်ပါတယ်။
Source:Reuters


