
ဟောင်ကောင်က အထပ်မြင့်အိမ်ရာတိုက်တန်း မီးလောင်မှုမှာ သေဆုံးသူ အနည်းဆုံး ၉၄ ယောက်နဲ့ ဒဏ်ရာရသူ ၇၆ ယောက် ရှိလာပြီဖြစ်ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
တိုင်ပိုခရိုင်က တိုက် ၈ လုံးရှိတဲ့ အိမ်ရာဝင်းထဲမှာ ၇ လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မီးကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ပြီလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မီးသတ်သမားတွေကတော့ တိုက်ခန်းတွေကို လိုက်လံစစ်ဆေးမှုတွေ ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ဒီအိမ်ရာဝင်းထဲမှာ နေထိုင်သူ ၄,၆၀၀ ဝန်းကျင်ရှိပေမဲ့ မီးလောင်ချိန်မှာ လူဘယ်လောက်ရှိနေလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အဆောက်အအုံအပြင်ဘက်မှာ သုံးထားတဲ့ ပစ္စည်းတွေဟာ မီးဒဏ်ခံနိုင်ရည် မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောကြားထားပြီး ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူ ၃ ယောက်ကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားပါတယ်။
လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကြောင့် အခုလို ဖြစ်ပွားရတာဖြစ်ပြီး ကာကွယ်လို့ရနိုင်တဲ့ ကိစ္စ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
Source:Reuters


