
အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမားတြားရှိ ဆီဘိုလ်ဂါဒေသမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် လူ ၈ ယောက်သေဆုံးကာ ၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဒေသရဲ့ တချို့နယ်မြေတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံမီဒီယာတွေမှ ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ နိုဝင်ဘာ ၂၅ ရက် ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေဆီ ရောက်ရှိဖို့ ရော်ဘာလှေတွေနဲ့ ကြိုးစားသွားရောက်နေတဲ့ ကယ်ဆယ်ရေးသမားတွေ ကို တွေ့ရှိရပါတယ်။
ဒေသတွင်း တချို့နေရာတွေမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် နိုင်ငံရဲ့ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ နေရာတွေကနေ ဝေးဝေးနေကြ ဖို့ လူတွေကို သတိပေးထားပါတယ်။
Source: Reuters


