Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်စခန်း ၁ ခု ကို ပကဖ ဝင်ရောက်တိုက်ခိုက်၊ ၄ ဦး သေဆုံး
DVB
·
November 27, 2025

တနင်္သာရီတိုင်း၊  တနင်္သာရီမြို့နယ်မှာ ရွာထဲဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၄ ယောက် သေဆုံးသွားတယ်လို့ မြိတ်ခရိုင်အမှတ်၂ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီက တမုတ်ချုံးကျေးရွာအနီး သစ်ပင်ခြောက်ကျေးရွာထဲမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင်တပ်ရင်း ၂ နဲ့ တနင်္သာရီမြို့နယ်ပကဖ၊ တောင်ပံနီအဖွဲ့တို့ပူးပေါင်းပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ မြိတ်ခရိုင်တပ်ရင်း ၂ ၊တပ်ခွဲ ၃ရဲ့ ဒု-ခွဲမှူး တယောက်က ပြောပါတယ်။

"သူတို့ ၄ ယောက်က အဝတ်လာလှန်းတဲ့ စနိုက်ပါနဲ့အရင် စပစ်လိုက်တာပါ။ ပြီးမှ လက်နက်ငယ်တွေနဲ့ ပစ်တာပါ။ သေဆုံး ၄ ယောက်က ဘာရာထူးရှိတယ်ဆိုတာတော့ မသိရဘူး။ နေရာမှာတင် လဲကျပြီး သေတာပါ။

တိုက်ပွဲကြာချိန် မိနစ် ၄ဝ ရှိခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဆုတ်လာခဲ့ကာ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေက အင်အား ၅၀ ကျော်ရှိတယ်လို့ သိရပြီ သစ်ပင်ခြောက် ကျေးရွာမှာ လာရောက်တပ်စွဲပြီးနေတာ တပတ်ကျော်ရှိပြီလို့ ဒုခွဲမှူးက ဆိုပါတယ်။

တမုတ်ချုံး၊ သစ်ပင်ခြောက်ကျေးရွာတွေမှာရှိတဲ့ အရပ်သားပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေတာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013