Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင်တိုက်ပွဲဖြစ်ပြီး ‌ ဒေသခံ  ၅၀၀ ကျော် ထိုင်းနယ်စပ်သို့ တိမ်းရှောင်
DVB
·
November 12, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၁၁ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး ဒေသခံ ၅၀၀ ကျော် ထိုင်းနိုင်ငံ၊ ပရကျူပ်ခီရီခန်ခရိုင်၊ ဆင်းခွန်ဂိတ်အနီးကို တိမ်းရှောင်လာကြတယ်လို့  ချွန်းဖွန်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်က ဆင်းခွန်မြို့နယ်အနီး မောတောင်မြို့နယ် မောတောင်အုပ်စုထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ကေ ၆၀ မမ၊ ကေ ၈၂ မမ နဲ့ ကေ ၁၂၀ မမ မော်တာ လက်နက်ကြီးတွေနဲ့  ၂၇ ကြိမ်လောက် ပစ်ခတ်ခဲ့ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ကောင်စီတပ်စခန်းနား ချဉ်းကပ်လာတာကြောင့် တိုက်ပွဲဖြစ် တာဖြစ်ပြီး လက်နက်ကြီးတွေဟာ ရွာအနီးကိုကျလာတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ် ။ 

အဆိုပါနေရာဟာ ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာခန့်သာကွာဝေးပေမဲ့ ထိုင်းဘက်ကိုတော့ ကျည်ဆန်တွေ ကျလာတာမရှိဘူး။ ဒါပေမဲ့  ဒေသခံ ၅၀၀ ကျော်လောက်တော့ ဆင်းခွန်နယ်စပ်ဂိတ်အနီးကို တိမ်းရှောင်လာကြတယ်။ 

မြန်မာဘက်က ပစ်ခတ်သံတွေကြောင့်  ထိုင်းဘက်ခြမ်းနေ ရွာသားတွေလည်း ထိတ်လန့်ပြီး လူ ၇၀ လောက် ဆင်းခွန်ဂိတ်နားက ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source:  ChomPorn News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013