
နယူးဇီလန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ကို တက်ဖို့ကြိုးပမ်းရင်း ပြုတ်ကျသေဆုံးခဲ့တဲ့ တောင်တက်သမား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ တယောက်အပါအဝင် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားတွေဟာ နယူးဇီလန်အခြေစိုက် လမ်းပြ ၂ ယောက်နဲ့ ဖောက်သည် ၂ ယောက်ဖြစ်တဲ့ Mount Cook သို့မဟုတ် အေအိုရာ့ကီ တောင်တက်အဖွဲ့မှ ၄ ဦးပါ အဖွဲ့ တဖွဲ့ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် နှောင်းပိုင်းမှာ တောင်ရဲ့ အနောက်ဘက်ခြမ်းရှိ တောင်ကြောတခုကနေ ပြုတ်ကျခဲ့တာပါ။
ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ်လောက်မှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက် အစောပိုင်းမှာ အဖွဲ့ဝင် ၂ ယောက်ကို ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ တွေ့ရှိခဲ့ပါတယ်။
ရဟတ်ယာဉ်တွေဟာ ညလုံးပေါက် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အင်္ဂါနေ့ မနက် ၇ နာရီ မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး မွန်းတည့် ချိန်လောက်မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူရရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ကျောက်တုံးတွေပြိုကျလေ့ရှိပြီး မြင့်မားတဲ့နေရာတွေမှာ နှင်းထု ပြိုကျမှု တွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အဲဒီတောင်ပေါ်မှာ ဒါဇင်နဲ့ချီတဲ့ တောင်တက်သမားများစွာ သေဆုံးခဲ့ရပါတယ်။
Source:Reuters


