
မလေးရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကနေ ရက်နဲ့ချီ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းတွေဆီ လူပေါင်းထောင်ချီ ပြောင်းရွှေ့ခဲ့ရကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပြီး ခိုလှုံရာနဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
လူမှုဖူလုံရေးဌာနရဲ့ အချက်အလက်တွေအရ ရေဘေးသင့် လူပေါင်း ၁၅,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၉၀ မှာ ခိုလှုံနေကြရပြီး အခုချိန်အထိ လူသေဆုံးမှုတော့ မရှိသေးပါဘူး။
မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ်ဟာမစ်ဒီက အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေဟာ အသင့်အနေအထားမှာ ရှိနေပြီး ထရပ်ကားတွေ၊ လေးဘီးယက် မော်တော်ယာဉ်တွေနဲ့ ရေဘေးကယ်ဆယ်ရေး ကိရိယာတွေ အပါအဝင် ကုန်းသုံးနဲ့ရေသုံး ပစ္စည်းပေါင်း ၉၀ ကျော်ကို ရွှေ့ပြောင်းထားကြောင်း ပြောပါတယ်။
ရိုက်တာသတင်းဌာနမှ ရရှိထားတဲ့ ဗီဒီယိုတွေမှာတော့ မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရဲ့ အရှေ့တောင်ဘက်ထောင့်ရှိ ဟူလူလန်ဂတ်ခရိုင်မှာ ရေကြီးနေတဲ့ပုံရိပ်တွေကို မြင်တွေ့ရပါတယ်။
Source: Reuters


