
ဘရာဇီး၊ ကိုလံဘီယာ၊ ချီလီနဲ့ ပေါ်တူဂီ စတဲ့နိုင်ငံတွေက နိုင်ငံတကာလေကြောင်းလိုင်း အများအပြားဟာ နိုဝင်ဘာ ၂၂ ရက်ကစပြီး ဗင်နီဇွဲလားနိုင်ငံဆီကို လေယာဉ်ပျံသန်းမယ့် ခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
အမေရိကန်လေကြောင်းစီမံခန့်ခွဲရေးဌာနက အဓိကလေကြောင်းလိုင်းတွေကို ဗင်နီဇွဲလားနိုင်ငံ အပေါ် ပျံသန်းချိန်မှာ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်တယ်လို့ သတိပေးလိုက်ပြီးနောက် အခုလို လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းမှုတွေ ဖြစ်လာတာပါ။
အမေရိကန်ဟာ လာမယ့်ရက်တွေအတွင်း ဗင်နီဇွဲလားအပေါ် အရေးယူမှုအသစ်တွေကို စဖို့အသင့်ရှိနေပြီလို့ အမေရိကန်အရာရှိတွေက ပြောထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလားအပေါ် ဖိအားတွေ တိုးပေးလာတာဟာ ကာရစ်ဘီယံဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မမြင်နိုင်တဲ့ အတိုင်းအတာတွေရဲ့ အကြီးအကျယ် စိန်ခေါ်မှုတရပ်ကို ဖြစ်စေတယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုပက်ဇ်က တုံ့ပြန် ပြောကြားခဲ့ပါတယ်။
Source: Reuters


