Home
နိုင်ငံတကာ
အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ယူကရိန်းနိုင်ငံသားများ ငြင်းပယ်
DVB
·
November 23, 2025
Photo: Ukrainian Presidential Press Service/Handout via REUTERS

ရုရှားအစိုးရရဲ့ ကျူးကျော်မှုကာလ ၄ နှစ်နီးပါးကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ နိုဝင်ဘာ ၂၁ ရက်မှာ အမေရိကန်အစိုးရက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သံသယဝင်ခဲ့ကြပါတယ်။ 

ဒီအစီအစဉ်ကို ရုရှား၊ ယူကရိန်နဲ့ ဥရောပက စိတ်ဝင်စားတဲ့နိုင်ငံတွေက လေ့လာနေကြပါတယ်။ 

အမေရိကန်ပြည်ထောင်စုက ယူကရိန်းဆီ တင်ပြခဲ့တဲ့ အချက် ၂၈ ချက်ပါတဲ့ အစီအစဉ်ဟာ ရုရှားအစိုးရရဲ့ တောင်းဆိုချက်တချို့ကိုထောက်ခံပြီး ယူကရိန်းအစိုးရအတွက် လုံခြုံရေး အာမခံချက်တွေကို မရေမရာဖြစ်စေပါတယ်။ 

အမေရိကန်အစိုးရရဲ့အဆိုပြုချက်က မူဘောင်ကို သဘောမတူရင် ယူကရိန်းအစိုးရအတွက် အဓိက ထောက်ခံမှုကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ဒီကိစ္စနဲ့ ရင်းနှီးသူ ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ အစီအစဉ်ထဲမှာ ရုရှားက စစ်မြေပြင်မှာ ရှေ့ကို တိုးနေနိုင်ပြီး ယူကရိန်းနဲ့ ငါးပုံတပုံနီးပါးကို ထိန်းချုပ်ထားပါတယ်။ 

ဒါပေမဲ့ အမေရိကန်ရဲ့အစီအစဉ်ထဲမှာ ရုရှားက မနှစ်မြို့စရာ အဆိုပြုချက်တချို့လည်း ပါဝင်ပြီး ဖော်ပြထားတဲ့ စစ်ပွဲရည်မှန်းချက်တွေကို အပြည့်အဝ မအောင်မြင်အောင် ဟန့်တားပြီး ရုရှားတပ်ဖွဲ့တွေက သူတို့ သိမ်းပိုက်ထားတဲ့ နေရာတချို့ကနေ ပြန်ဆုတ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

ဗီဒီယိုကြေညာချက်တရပ်မှာ ဇလန်းစကီးက အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ပေမယ့် လာမယ့်သီတင်းပတ်အတွင်း နိုင်ငံရေးဖိအားတွေ ပိုများလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ရုရှားရဲ့ နောက်ထပ် ကြိုးပမ်းမှုတွေလို့ သူ ပြောခဲ့တဲ့ အရာတွေကို ရင်ဆိုင်ရာမှာ ယူကရိန်းနိုင်ငံသားတွေ စည်းလုံးညီညွတ်မှုရှိရှိ ဆက်နေထိုင်ကြဖို့ကိုလည်း ဇလန်းစကီးက တိုက်တွန်းခဲ့ပါတယ်။ 

အကြီးတန်းအရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါဝင်ပတ်သက်နေတဲ့ အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကြီးတရပ်ကြောင့် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းတရပ် ပေါ်ပေါက်လာတာနဲ့အမျှ ရုရှားက စစ်မြေပြင်မှာ ရှေ့ကိုတိုးနေပြီး ယူကရိန်းရဲ့ စွမ်းအင်စနစ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။ 

အမေရိကန်အစိုးရကလည်း ယူကရိန်းက နောက်ထပ်နယ်မြေတွေကို စွန့်လွှတ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကို ယူကရိန်းကို တင်ပြခဲ့ပါတယ်။ 

ယူကရိန်းရဲ့ စစ်အင်အား အရွယ်အစားကိုလျှော့ချပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO မှာ ပါဝင်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013