
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ နိုဝင်ဘာ ၂၂ ရက် ဒီမနက်အစောပိုင်းက ကုန်တင်ကားကို ဝင်တိုက်မိတဲ့ Surf ကားပေါ်က လူ ၃ ယောက်လုံး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲလောက်က ရန်ကုန်- နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာ ရပ်နားနေတဲ့ကုန်တင်ကားကို လားရာတူဘက်ကနေမောင်းနှင်လာတဲ့ Surf ကားက နောက်ကနေဝင်တိုက်တဲ့သတင်းရတာကြောင့် သာဂရ အမြန်လမ်းမီးသတ်စခန်းက မီးသတ်ကား ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် Surf ကားပေါ်မှာပါလာတဲ့ အမျိုးသား ၃ ယောက်လုံးသေဆုံးခဲ့ပြီး ဆွာမြို့မနာရေးကူညီမှုအသင်းက လူနာတင်ယာဉ် ၁ စီး၊ MR က လူနာတင်ယာဉ် ၃ စီး တို့နဲ့ ဆွာမြို့ တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။


