Home
အားကစား
အင်္ဂလန်လက်ရွေးစင်ဟောင်း ဟာဗေးဘန်းစ် စကော့တလန်ကိုယ်စားပြု ပြောင်းလဲကစားနိုင်
DVB
·
November 21, 2025
Photo :Reuters

နယူးကာဆယ်အသင်းက အင်္ဂလန်လက်ရွေးစင်ဟောင်း ဟာဗေးဘန်းစ်ဟာ စကော့တလန်အသင်း ကို ကိုယ်စားပြု ပြောင်းလဲ ကစားနိုင်ခွင့်ရှိနေပါတယ်။

အသက် ၂၇ နှစ်ရှိ တောင်ပံကစားသမားဟာ နယူးကာဆယ်မှာ ခြေစွမ်းပြနေပေမဲ့ အင်္ဂလန်နည်းပြသောမက်စ်တူဟယ်ရဲ့ ရွေးချယ်ခြင်းမခံရ သေးသူပါ။

၂၀၂၀ ပြည့်နှစ်က အင်္ဂလန်အသင်းကြီးအတွက် တပွဲကစားခဲ့ပြီးနောက်ပိုင်း ရွေးချယ်ခြင်းမခံရ တော့တဲ့ ဟာဗေးလ်ဘန်းစ်ဟာ စကော့တလန်အသင်းကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ချိန်မှာ ကိုယ်စားပြုပြောင်းလဲကစားဖို စဉ်းစားလာတာပါ။

လတ်တလောမှာတော့ နိုင်ငံကိုယ်စားပြုပြောင်းလဲဖို့ ဆွေးနွေးမှုမရှိသေးကြောင်းနဲ့  အင်္ဂလန်အတွက် ကစားခဲ့သည့်တိုင် စကော့တလန်အတွက် ကစားခွင့် ရှိသေးတယ်ဆိုတာကိုလည်း သိရှိထားကြောင်း ဟာဗေးဘန်းစ်က ပြောပါတယ်။

အင်္ဂလန်အသင်းမှာ အမာခံကွင်းလယ်လူဖြစ်လာတဲ့ အီလီယော့အန်ဒါဆန်ဟာ တချိန်က စကော့တလန် ယူ-၂၁ အသင်းမှာ ကစားခဲ့ပေမဲ့  အခုနှစ်ကစတင်ပြီး အင်္ဂလန်အသင်းကို ကိုယ်စားပြုပြောင်းလဲကစားခဲ့တာ ဖြစ်ပါတယ်။ 

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013