
စကော့တလန်အသင်းဟာ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိသွား ပါတယ်။
နိုဝင်ဘာ ၁၉ ရက် ဒီမနက်ပိုင်းက ကစားသွားတဲ့ ဒိန်းမတ်နဲ့ ခြေစစ်ပွဲနောက်ဆုံး ပွဲစဉ်မှာ စကော့တလန်အသင်းက နောက်ကျအနိုင်ဂိုး ၂ ဂိုး နဲ့အတူ ၄ ဂိုး ၂ ဂိုးနဲ့ အံ့ဖွယ်အနိုင်ရရှိခဲ့ပြီး အုပ်စု ပထမနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ပွဲချိန် ၈၂ မိနစ်အထိ ၂ ဂိုးစီသရေကျနေခဲ့ပေမဲ့ ပွဲချိန် ၉၃ မိနစ်နဲ့ ၉၈ မိနစ်တွေမှာ တီယာနေးလ်နဲ့ မက်ကလင်းတို့က အနိုင်ဂိုး ၂ ဂိုးဆက်တိုက်သွင်းယူပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရယူခဲ့တာပါ။
ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး မိမိအတွက် ပထမဆုံးနဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမယ်လို့ အသင်းခေါင်း ဆောင်ရော်ဘတ်ဆန်က ပြောပါတယ်။
စကော့တလန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားမှာ နောက်ဆုံး ပါဝင်ကစားခွင့်ရခဲ့ပြီးနောက် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲ ပြန်လည်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။


