Home
နိုင်ငံတကာ
တက်စ်လာ၊ အန်ဗီဒီယာနှင့် ဆော်ဒီ ဉာဏ်ရည်တုကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်
DVB
·
November 20, 2025
Photo: Evelyn Hockstein/Reuters

တက်စ်လာရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်နဲ့ အန်ဗီဒီယာရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်တို့ နိုဝင်ဘာ ၁၉ ရက်မှာ တွေ့ဆုံပြီး အမေရိကန်-ဆော်ဒီ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ဆော်ဒီအာရေဗျရဲ့ ဉာဏ်ရည်တုဆိုင်ရာ ပျိုးထောင်ဆဲကုမ္ပဏီ ဟျူမာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြေညာခဲ့ပါတယ်။

မတ်စ်ခ်နဲ့ ဟွမ် ၂ ယောက်စလုံးဟာ ဆော်ဒီအာရေဗျနိုင်ငံထဲမှာ 500-megawatt data center တခု တည်ဆောက်ဖို့ အတည်ပြုခဲ့ကြပါတယ်။

“ခင်ဗျား မြင်ယောင်ကြည့်နိုင်မလား၊ ခန့်မှန်းခြေအားဖြင့် ပြန်ရငွေ ဒေါ်လာ သုည ဘီလီယံရှိတဲ့ ပျိုးထောင်ခါစ ကုမ္ပဏီတခုက အီလွန်မတ်စ်ခ်အတွက် သတင်းအချက်အလက်စင်တာတခု ဆောက်တော့မယ်။ 500 megawatts ဆိုတာ အလွန်ကြီးပြီး မျှော်လင့်တာထက် ပိုပါတယ်” လို့ ဟွမ်က ပြောပါတယ်။

အန်ဗီဒီယာဟာ ကွမ်တမ် ကွန်ပြူတာတွေကို တုပဖို့ စူပါကွန်ပျူတာတွေ တည်ဆောက်ရေး ဆော်ဒီအာရေဗျနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဟွမ်က ထပ်ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း ဒီအခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ အစီအစဉ်အရ ရှယ်ဗရွန်၊ ပယ်လန်တီယာ၊ အရမ်ကို၊ ကွယ်လ်ကမ်၊ စစ္စကို၊ အဒိုဘီ၊ ဂျန်နရယ် ဒိုင်နဲမစ်နဲ့ ပီဖိုက်ဇာ ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။

Blackstone Group၊ Boeing၊ IBM၊ Alphabet ရဲ့ Google၊ Salesforce၊ Supermicro၊ Lockheed Martin၊ Saudia Group၊ Andreessen Horowitz၊ Halliburton၊ State Street နဲ့ Parsons Corp တို့က အကြီးတန်းအမှုဆောင်အရာရှိတွေလည်း နိုဝင်ဘာ ၁၉ ရက်မှာ John F. Kennedy Center for the Performing Arts မှာ ကျင်းပမယ့်ပွဲကို တက်ဖို့ မျှော်လင့်ရပါတယ်။

ဖိုရမ်မှာ ဉာဏ်ရည်တု၊ စွမ်းအင်၊ နည်းပညာ၊ အာကာသ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပါဝင်ပါတယ်။

မေလမှာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ထရမ့်ပ်ရဲ့ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ် အတွင်း နှစ်နိုင်ငံလုံးမှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013