
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းက အမြင့်ဆုံးတောင်ဖြစ်တဲ့ ဆီမီရူးမီးတောင် နိုဝင်ဘာ ၁၉ ရက်မှာ ပေါက်ကွဲခဲ့လို့ မီးတောင်ဗေဒအေဂျင်စီက သတိပေးချက်အဆင့်ကို အမြင့်ဆုံးဆီ မြှင့်တင်ခဲ့ပါတယ်။
မီးတောင်ရဲ့ တောင်ထိပ်ကနေ ၁ မိုင် အမြင့်အထိ ပြာမှုန်တွေ မှုတ်ထုတ်နေပြီး အန္တရာယ်တွေကြောင့် မီးတောင်ကနေ ၂ ဒသမ ၅ ကီလိုမီတာ အကွာအဝေးမှာ ဒေသခံတွေ နေသင့်တယ်လို့ အင်ဒိုနီးရှားရဲ့ မီးတောင်ဗေဒအေဂျင်စီက အတည်ပြုခဲ့ပါတယ်။
အမြင့်ပေ ၁၂,၀၀၀ ကျော်ရှိတဲ့ ဆီမီရူးဟာ အင်ဒိုနီးရှားနိုင်ငံထဲက လှုပ်ရှားနေဆဲ မီးတောင် ၁၃၀ နီးပါးထဲက တခုဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့မြေလွှာပေါ်က မတူညီတဲ့ ကျောက်လွှာချပ်ကြီးတွေ ဆုံတွေ့ရာ ငလျင်လှုပ်ခတ်မှု ပြင်းထန်တဲ့ ဇုန်တခုဖြစ်တဲ့ ပစိဖိတ် မီးကွင်းကြီးပေါ်မှာ တည်ရှိပြီး ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု ထူပြောရာနိုင်ငံလည်း ဖြစ်ပါတယ်။
Source: Reuters


