
အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကို တိုက်ဖျက်ရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကတိပြုတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒါအပြင် နိုင်ငံတကာအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ရာမှာ မြန်မာဒီမိုကရေစီရေးအတွက် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း KNU က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ အစိုးရဗဟိုပြု ချဉ်းကပ်မှု ပုံစံအရ ပူးပေါင်းဆောင်ရွက်ရေးမူအရ အာဏာသိမ်း စစ်တပ်နဲ့ပဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ထိရောက် အောင်မြင်မှုမရှိနိုင်တဲ့အပြင် ပြည်သူတွေ အပေါ်မှာ ဆိုးကျိုးဖြစ်စေမယ်လို့ KNU က သတိပေးလိုက်ပါတယ်။
စစ်တပ်ဟာ ကျားဖြန့်လုပ်ငန်းတွေဖြစ်လာဖို့ တဖက်တလမ်းက အားပေးသလို အဲဒီလုပ်ငန်းကနေ အကျိုးအမြတ်ရနေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒ့ါအပြင် စစ်တပ်က နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းမယ်ဆိုတာဟာ သံတမန် ဆက်ဆံရေး ချဲ့တွင်ဖို့နဲ့ အုပ်ချုပ်ရေးတရားဝင်မှုရဖို့အတွက် လုပ်တာသာဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


