
ဘယ်လ်ဂျီယံအသင်းမှာ လုံလောက်တဲ့ခြေစွမ်းမရှိသေးကြောင်း လက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမား ဂျရေမီဒိုကူက ဝန်ခံပြောပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကာဇက်စတန်ကို တဂိုးစီသရေရလဒ်သာ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့် စောစောစီစီး မယူနိုင်ခဲ့တဲ့အပေါ် ဒိုကူက မကျေမနပ်ဖြစ်ခဲ့တာပါ။
လုံလောက်တဲ့ခြေစွမ်းမရရှိသေးတာကြောင့် ရမှတ်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရီးလမ်းက ကောင်းမွန်တဲ့အခြေအနေမရှိခဲ့ကြောင်း ဒိုကူကပြောပါတယ်။
ကာဇက်စတန်နဲ့ပွဲမှာ ဂိုးသမားကော့တွိက်အပါအဝင် တိုက်စစ်မှူးလူကာကူနဲ့ ကွင်းလယ်လူ ကီဗင်ဒီဘရိုင်း မပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ကာဇက်စတန်ကို အနိုင်ရဖိုအတွက် အဆိုပါကစားသမားတွေလိုအပ်နေမယ်ဆိုရင် ကမ္ဘာ့ဖလားရောက်ရင်ဘာမှ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်းလည်း ဒိုကူက ပြောသွားပါတယ်။
ဘယ်လ်ဂျီယံဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ လက်ချင်စတိန်းကို အနိုင်ယူနိုင်မှသာ ကမ္ဘာ့ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
Photo:Reuters


