မန်စီးတီးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း ကစားသမားသစ် ဂျရီမီဒိုကူက ပြော သွားပါတယ်။
အသက် ၂၁ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမားဟာ ပြင်သစ်ကလပ် ရင်းနက်စ်ကနေ ပေါင် ၅၅ ဒသမ ၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဒိုကူဟာ မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပုဂ္ဂိုလ်ရေးအရာကော၊ ပရော်ဖက်ရှင်နယ်အရပါ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း ပြောခဲ့တာပါ။
ငယ်ရွယ်သေးတာကြောင့် သင်ယူလေ့လာစရာတွေနဲ့ တိုးတက်လာစရာတွေအများ ကြီးရှိသေးကြောင်း၊ နည်းပြဂွာဒီယိုလာနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကြားမှာ အတူလေ့ကျင့် ကစားရမှာက ပိုကောင်းတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
သူဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကနေထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ရင်းနက်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ပြင်သစ်ကလပ်နဲ့ စုစုပေါင်း ၉၂ ပွဲမှာ ၁၂ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။