
ဘယ်လ်ဂျီယံအသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အသင်းခေါင်းဆောင် ဒီဘရိုင်းက ဝေဖန်လိုက်ပါတယ်။
ပြင်သစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကစားကွက် ခင်းကျင်းပုံကို ဒီဘရိုင်းက အပြင်းအထန်ဝေဖန်ခဲ့တာပါ။
ခံစစ်မှာ ၆ ဦးအထိ ရှိနေတာက ချိတ်ဆက်မှုကင်းမဲ့စေတယ်လို့ ဆိုနိုင်ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါကြောင်း ဒီဘရိုင်းက ပြောပါတယ်။
ကိုယ်တိုင်အပါအဝင် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိကြောင်း၊ အသက် ၁၈ နှစ်အရွယ်တုန်းက စွမ်းဆောင်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန် အသက် ၃၃ နှစ်အရွယ်မှာ အခုထက်ပိုပြီး လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း ဒီဘရိုင်းက ပြောသွားပါတယ်။
ဘယ်လ်ဂျီယံနည်းပြ ဒိုမီနီကိုတက်ဒက်စ်ကိုကတော့ ဒီဘရိုင်းဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး ပွဲရလဒ်မကောင်းတဲ့အပါ် စိတ်ခံစားချက်အားလုံးကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ကာကွယ်ပေးသွားပါတယ်။


