
ဌာနေတိုင်းရင်းသားတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအဝင် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဟာ နိုဝင်ဘာ ၁၅ ရက်မှာ ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့မှာကျင်းပမယ့် COP30 ညီလာခံမှာ ရာသီဥတု တရားမျှတမှုနဲ့ နယ်မြေကာကွယ်မှုကို တောင်းဆိုဖို့ ချီတက်ခဲ့ကြပါတယ်။
နောက်ဆုံးထိပ်သီးအစည်းအဝေး သဘောတူညီချက်မှာ ဘယ်လိုကိစ္စရပ်တွေကို စုစည်းနိုင်မလဲ ဆိုတာနဲ့ ဘယ်လိုသဘောတူညီချက်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို နိုင်ငံတွေက အငြင်းပွားနေချိန် ရာသီဥတုညီလာခံမှာ ဆန္ဒပြသူတွေက အလံတွေကိုဝှေ့ယမ်းပြီး ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
ဘရာဇီးသမ္မတ လူးဝဇ်အင်နာစီယိုလူလာဒါဆီလ်ဗာက အခုနှစ် COP30 ဆွေးနွေးပွဲတွေမှာ ဌာနေတိုင်းရင်းသားအသိုက်အဝန်းတွေကို အဓိက ကစားသမားတွေအဖြစ် အလေးပေးပြောဆိုခဲ့ ပါတယ်။
ဒါပေမဲ့ ဌာနေတိုင်းရင်းသားကိုယ်စားလှယ်တွေက နိုဝင်ဘာ ၁၄ ရက်မှာ COP30 ဥက္ကဋ္ဌ အန်ဒရေ ကော်ရီယာဒိုလာဂိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲတွေမှာ မပါရရင် အိမ်ရှင်ဘယ်လန်မြို့ဆီ ဘာလို့ ခေါ်လာတာလဲလို့ မေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဝန်ကြီး မာရီနာဆီလ်ဗာက သူတို့ရဲ့ တောင်းဆိုချက်တွေဟာ ဘရာဇီးအစိုးရဆီက တောင်းဆိုတာဖြစ်ပြီး အကောင်းဆုံးဖြေရှင်းသင့်တယ်လို့ ပြောရင်း ညီလာခံတက်ခွင့် လက်မှတ်တွေ ပိုစီစဉ်ပေးနေတယ်လို့ သူတို့ကို ပြောခဲ့ပါတယ်။
Source: Reuters


