Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာပွဲစားအချင်းချင်း ဘတ်ငွေ ၁၀ သန်းခိုးယူမှု ဖြစ်ပွား
DVB
·
November 14, 2025
Photo: Khaosod

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာအလုပ်သမားရှာဖွေရေး အေဂျင်စီအလုပ် လုပ်နေသူအချင်းချင်း ဘတ်ငွေ ၁၀ သန်း ခိုးယူမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးရမိပြီလို့   ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်ကောက် ပရဝေ့နယ်မြေ နောင်ဘွန်ရပ်ကွက် ဆီရိနတ်ခလင်းလမ်း ကွန်ဒိုမီယံတခုမှာ နေထိုင်သူ အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက်ဟာ မြန်မာလုပ်သားတွေအတွက် အလုပ်ရှာပေးနေတဲ့ အေဂျင်စီကဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခွဲက သူအပြင်သွားနေစဉ် လုပ်ဖော်ကိုင်ဘက် အမျိုးသမီးက အေဂျင်စီပိုင် ငွေ ဘတ် ၁၀ သန်း ခိုးယူသွားကြောင်း ဖရခနုံနယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေက စီစီတီဗီကင်မရာကနေတဆင့် ထောက်လှမ်းစုံစမ်းပြီး ငွေခိုးမှုမှာ ပါဝင်ပတ်သက်သူ ၃ ယောက်ကို နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲအချိန် ဖစ်ချ်ဘူရီခရိုင် ချအန်းမြို့ရှိ ဟိုတယ်တခုရဲ့ အခန်းအမှတ် ၂၀၃ မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

သဲငုံဖူး (၃၅ နှစ်)၊ နှင်းဖြိုးဝေဇာဦး (၃၁ နှစ်) နဲ့ မင်းဘိုမောင် (၂၉ နှစ်) တို့ကို ခိုးမှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ နစ်ဆန်ကားအညိုရောင်၊ ခိုးရာပါ ငွေသား ၈,၈၄၁,၀၀၀ နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

သဲငုံဖူးက အပေါင်းပါ ၂ ယောက်နဲ့အတူ ခိုးမှုကျူးလွန်ကြောင်း ဝန်ခံပြီး ကျန်ငွေ ဘတ် ၁ သန်း ၂ သိန်းနီးပါးကို သုံးဖြုန်းကာ အချို့ကို ရွှေဝယ်ထားပြီး အချို့ကို မြန်မာပြည်က ဘဏ်စာရင်းထဲ ထည့်ထားတယ်လို့ ဆိုပါတယ်။

ရဲစခန်းက ခိုးမှုကျူးလွန်သူ ၂ ယောက်ကို ဖောက်ထွင်းဖျက်ဆီးမှု၊ ညအချိန် တပါးသူ ပစ္စည်းဥစ္စာ ခိုးယူမှု၊ နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးမှုတွေနဲ့ အရေးယူထားပြီး ကျန်အပေါင်းပါ တယောက်ကိုတော့ ခိုးမှုပူးပေါင်းကြံစည်မှုတွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Khaosod / CH7 TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013